back

နောက်ထပ်ကပ်ရောဂါဘေးတစ်ခုသေချာပေါက်နီးပါးကျရောက်နိုင်ဟု Lancetအယ်ဒီတာသတိပေး

Feb 26 • 3:45 AM

breaking-news

Myanmar

Local

breaking-news
cover

နောက်ထပ်ကပ်ရောဂါဘေးတစ်ခုသေချာပေါက်နီးပါးကျရောက်နိုင်ဟု Lancetအယ်ဒီတာသတိပေး

လူတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်နေရာမှာ နောက်ထပ် ကပ်ရောဂါကြီးတစ်ခု ရောက်လာနိုင်တာကြောင့် တစ်ကမ္ဘာလုံး ပြင်ဆင်သင့်တယ်လို့ The Lancet ဆေးပညာဂျာနယ်မှ အယ...

လူတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်နေရာမှာ နောက်ထပ် ကပ်ရောဂါကြီးတစ်ခု ရောက်လာနိုင်တာကြောင့် တစ်ကမ္ဘာလုံး ပြင်ဆင်သင့်တယ်လို့ The Lancet ဆေးပညာဂျာနယ်မှ အယ်ဒီတာချုပ် ဒေါက်တာရစ်ချတ်ဟော်တန်က သတိပေးထားပါတယ်။ လာမယ့်နှစ်များအတွင်း ကပ်ရောဂါဘေးဖြစ်နိုင်ခြေ ၄၈ ရာခိုင်နှုန်းရှိပြီး လူ ၂၅ သန်းကျော် အသက်ဆုံးရှုံးနိုင်ကာ လာမယ့်ဆယ်စုနှစ်အတွင်း ကိုဗစ်ရောဂါလိုမျိုး ရောဂါပျံ့ပွားနိုင်ခြေ ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ Lancet က ဖော်ပြထားပါတယ်။ သစ်တောများဖျက်ဆီးခြင်း၊ မြို့ပြတိုးချဲ့ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ တိရိစ္ဆာန်နဲ့လူသား ထိတွေ့ခြင်းတို့ကြောင့် လာမယ့်နှစ် ၂၀ အတွင်း နောက်ထပ်ကပ်ရောဂါကြီး ဖြစ်လာနိုင်တယ်လို့ ဟော်တန်ကဆိုပါတယ်။ တိရိစ္ဆာန်တွေက လူသားတွေနဲ့ ပိုမိုနီးကပ်လာပြီး သတ္တဝါတွေကြား ဗိုင်းရပ်စ်တွေ ကူးစက်လာပါတယ်။

news-view-count-icon

31