မကွေးမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေထဲက အုတ်၊သဲ၊ကျောက်တွေ အရောင်းအဝယ်သွက်နေ တယ်လို့ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ မကွေးမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲ၊ကျောက်တွေကို အခုလို ပွင့်လင်းရာသီမှာ ဧရာဝတီမြစ်ကနေ ထုတ်ယူကြတာ ဖြစ်ပါသည်။ ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီတုန်းက အိမ်အရောက်ပို့ အုတ်တစ်လုံးကို (၂၈၀) ကျပ်၊ သဲတစ်ကျင်းကို (၁၅၀၀၀)ကျပ်၊ ကျောက်စရစ်တစ်ကျင်းကို (၅၅၀၀၀)ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး အခုနှစ်မှာတော့ ဈေးအနည်းငယ် တက်လာကာ အိမ်အရောက်ပို့ အုတ်တစ်လုံးကို (၃၀၀)ကျပ်၊ သဲတစ်ကျင်းကို (၂၀၀၀၀)ကျပ်ဈေး ရှိနေကြောင်း သိရပါသည်။



