၂၅.၂.၂၀၂၆ ရက်နေ့၊ ၀၉နာရီ ၀၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ HAGL Myanmar Center Project (Myanmar Plaza)မှ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်လျက်ရှိသော အကြိုအခြေခံမီးသတ်ပညာသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးမှ အထပ်မြင့် (High Rise) အဆောက်အအုံများ၊ စုပေါင်းအိမ်ယာများမီးဘေးလုံခြုံရေး သင်ခန်းစာများ သင်ကြားပို့ချဆောင်ရွက်ခဲ့ပါသည်။



