back

တနင်္သာရီကမ်းရိုးတန်းရေပြင်တွင်MV-SEAFDEC-2သုတေသနရေယာဉ် ဖြင့်ရက်ပေါင်း(၃၀)ကြာငါးသယံဇာတသုတေသနပြုမည်

Feb 25 • 5:01 AM

breaking-news

Myanmar

Tanintharyi

breaking-news
cover

တနင်္သာရီကမ်းရိုးတန်းရေပြင်တွင်MV-SEAFDEC-2သုတေသနရေယာဉ် ဖြင့်ရက်ပေါင်း(၃၀)ကြာငါးသယံဇာတသုတေသနပြုမည်

တနင်္သာရီကမ်းရိုးတန်းရေပြင်မှာ အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ရဲ့ MV-SEAFDEC-2သုတေသန ရေယာဉ်ဖြင့်ရက်ပေါင်း (၃၀)ကြာငါးသယံဇာတသုတေသနပြုဖို့ရှိနေတယ်လို့ ...

တနင်္သာရီကမ်းရိုးတန်းရေပြင်မှာ အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ရဲ့ MV-SEAFDEC-2သုတေသန ရေယာဉ်ဖြင့်ရက်ပေါင်း (၃၀)ကြာငါးသယံဇာတသုတေသနပြုဖို့ရှိနေတယ်လို့ သိရပါတယ်။တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်ရဲ့ ငါးနဲ့ငါးနေထိုင်ကျက်စားတဲ့ ရေအောက်ဇီဝဗေဒအခြေအနေ ဆန်းစစ်သုတေသနပြုရန်၊ ငါးသယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းတွေကို အထောက်အပံ့ပေးနိုင်ရန်၊ မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာတည်ရှိစေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြုဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၁)ရက် ညနေ(၄)နာရီခွဲက ကျွန်းစုမြို့နယ်ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းဆိပ်ခံတံတားတွင် ကျင်းပခဲ့ပါတယ်။ဖွင့်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး တက်ရောက်ပြီးသုတေသနဆောင်ရွက်ခြင်းဖြင့် တနင်္သာရီ ကမ်းရိုးတန်းပတ်ဝန်းကျင်အခြေအနေ၊ ရေရဲ့ ဓါတု၊ ရူပဆိုင်ရာအချက်အလက်၊ အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ၊ ငါးဥနှင့် သားလောင်းများ ပါဝင်မှု၊ ငါးသယံဇာတတည်ရှိမှုအခြေအနေများကို သိပ္ပံနည်းကျဆောင်ရွက်နိုင်ပြီး ရရှိ လာတဲ့ရလာဒ်များအရ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ တိကျစွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး တိုင်းဒေသကြီးရဲ့ ငါးသယံဇာတစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုများအတွက် များစွာအထောက်အကူဖြစ်မှာဖြစ်တယ်လို့ ပြောကြားပါတယ်။ငါးသယံဇာတ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တနင်္သာရီကမ်းရိုးတန်းရေပြင်ရှိ ငါးတွေရဲ့ ကွဲပြားခြားနားသော ရေပြင်အလိုက်၊ မျိူးစိတ်အလိုက်၊ အရွယ်အစားအလိုက် ပျံ့နှံ့တည်ရှိမှုအား လေ့လာပြီး တစ်နာရီ ငါးအထိအမိတွက်ချက်ပြီး ငါးဖမ်းကိရိယာ အမျိုးအစားအလိုက် ငါးဖမ်းလှေများအား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ခြင်း၊

ငါးတွေရဲ့ မျိုးပွားအင်္ဂါအရွယ်ရောက်မှု၊ ငါးသယံဇာတပေါက်ပွားမှုနှင့် အစာကွင်းဆက်စနစ်အားဖြစ်ပေါ်စေတဲ့ အပင်မျှော လှေး၊ သတ္တမျှောလှေး၊ ငါးဥနှင့် သားပေါက်ရာသီအား လေ့လာ သိရှိခြင်းမှတဆင့် ငါးမျိုးစိတ်အလိုက်၊ နေရာဒေသအလိုက်၊ ငါးမျိုးပွားရာသီများ သတ်မှတ်ပြီး ထိန်းသိမ်းနိုင်ခြင်း၊ပင်လယ်မှာအမှိုက်သရိုက်တည်ရှိမှု အမျိုးအစား၊ ပမာဏအားလေ့လာပြီး ကမ်းရိုးတန်းအလိုက် အမှိုက်သရိုက်စီမံခန့်ခွဲမှု စီမံချက် များအား ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ငါးသယံဇာတတွေကိုရေရှည်တည်တံ့ပြီး အကျိုးရှိစွာ အသုံးချနိုင်ပြီး ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေခြင်း အကျိုးကျေးဇူးတွေ ရရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

64