back

ထိုင်း၊လယောင်မြို့နယ်ရှိ အိမ်သုံးပရိဘောဂထုတ်လုပ်သည့် စက်ရုံမှမြန်မာအလုပ်သမား ၃၂ ဦး ကြိုတင်မသိဘဲ အလုပ်ထုတ်ခံရ

Feb 25 • 3:14 AM

breaking-news

Thailand

Local News

cover

ထိုင်း၊လယောင်မြို့နယ်ရှိ အိမ်သုံးပရိဘောဂထုတ်လုပ်သည့် စက်ရုံမှမြန်မာအလုပ်သမား ၃၂ ဦး ကြိုတင်မသိဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ လယောင်မြို့နယ် နိခွန်းဖတ်ထနာအတွင်းရှိအိမ်သုံးပရိဘောဂထုတ်လုပ်သည့်စက်ရုံရှိ မြန်မာအလုပ်သမား၃၂ ဦးအား ဖေဖော်ဝါရီ ၁၈ ရက်တွင် စက်ရုံကကြိုတင်အကြောင်းကြား...

ထိုင်းနိုင်ငံ လယောင်မြို့နယ် နိခွန်းဖတ်ထနာအတွင်းရှိအိမ်သုံးပရိဘောဂထုတ်လုပ်သည့်စက်ရုံရှိ မြန်မာအလုပ်သမား၃၂ ဦးအား ဖေဖော်ဝါရီ ၁၈ ရက်တွင် စက်ရုံကကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်လိုက်သည့်အတွက်အကူအညီပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။အလုပ်သမားများသည် ယင်းစက်ရုံတွင် သုံးလမှ ခြောက်လခန့် အထိ အလုပ်လုပ်နေသူများ ဖြစ်ပြီး ယင်းစက်ရုံတွင် အလုပ်လုပ်ရန်အေဂျင်စီကို စမတ်ခ (အလုပ်လျှောက်ခ) ဘတ် ၇၀၀၀ ခန့် ပေးခဲ့ရကြောင်းသိရသည်။အလုပ်သမားအား အေဂျင်စီက အလုပ်တစ်ခုပြန်ရှာပေးခဲ့သော်လည်း ယင်းအလုပ်သည် အာမခံချက်မရှိသောကြောင့် အလုပ်သမားများက လက်မခံကြဘဲ နစ်နာကြေး (သို့)စမတ်ကြေး ပြန်လည်ရရှိလိုသဖြင့်ဖေဖော်ဝါရီ ၂၂ ရက်တွင် အကူအညီတောင်းခံခဲ့ကြောင်း WAG အဖွဲ့မှသိရ သည်။


news-view-count-icon

10