back

မူးယစ်ရာဇာကြီး အယ်လ်မန်ချို သေဆုံးပြီးနောက် မက္ကဆီကို အနောက်ပိုင်းသို့ စစ်သည် ၉,၅၀၀ စေလွှတ်ထားရ

Feb 24 • 7:29 AM

breaking-news

Myanmar

International

cover

မူးယစ်ရာဇာကြီး အယ်လ်မန်ချို သေဆုံးပြီးနောက် မက္ကဆီကို အနောက်ပိုင်းသို့ စစ်သည် ၉,၅၀၀ စေလွှတ်ထားရ

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မက္ကဆီကို အထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း အလွန်ဩဇာအင်အား ကြီးမားသော မူးယစ်ရာဇာ နီမန်ရှိုအိုစီဂူရာကာဗန်းတက်စ် (အများသိအမည် အယ်လ်မန်ချို...

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မက္ကဆီကို အထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း အလွန်ဩဇာအင်အား ကြီးမားသော မူးယစ်ရာဇာ နီမန်ရှိုအိုစီဂူရာကာဗန်းတက်စ် (အများသိအမည် အယ်လ်မန်ချို) ကို ဝင်ရောက်ဖမ်းဆီးရာတွင် သေဆုံးသွားပြီးနောက် မက္ကဆီကိုအနောက်ပိုင်းဒေသတွင် စစ်သည် ၉၅၀၀ အထိ စေလွှတ်ထားပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရီကာဒိုထရီဗီလာက အတည်ပြုထုတ်ပြန် ခဲ့သည်။မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်တွင် နိုင်ငံ၏အလိုအရှိဆုံးနှင့် အင်အားအကောင်းဆုံး မူးယစ်ဂိုဏ်း The Jalisco New Generation Cartel (CJNG) ခေါင်းဆောင် အယ်လ်မန်ချိုကို ဝင်ရောက်ဖမ်းဆီးရာ မက္ကဆီကို အမျိုးသားကာကွယ်ရေးအထူးတပ်ဖွဲ့ဝင် အနည်းဆုံး ၂၅ ယောက် ကျဆုံးပြီး အယ်လ်မန်ချို၏ သက်တော်စောင့် အနည်းဆုံး ၆ ယောက်သေဆုံးခဲ့သည်။ အယ်လ်မန်ချိုကို တာပယ်လ်ပါမြို့သို့ ပို့ဆောင်စဉ် ရရှိသည့် ဒဏ်ရားများကြောင့် သေဆုံးသွားခဲ့ပြီးနောက် CJGN အဖွဲ့များရှိရာ မြို့များအနှံ့ အကြမ်းဖက်တိုက်ခိုက်မှုများစွာရှိလာခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်မှာပင် ဂျာလစ္စကိုပြည်နယ်သို့ အထူးတပ်ဖွဲ့ဝင် ၂,၅၀၀ ထပ်ပို့ဆောင်ပေး ခဲ့ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၉,၅၀၀ ဖြင့် လုံခြုံရေးတင်းကြပ်နေရကြောင်း ကာကွယ်ရေးဝန်ကြီးက ထုတ် ပြန်ခဲ့သည်။ အယ်လ်မန်ချိုသေဆုံးပြီးနောက် လုံခြုံးရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ% CJGN ဂိုဏ်း အဖွဲ့ဝင် ၃၀ ကျော် ထပ်မံသေဆုံးခဲ့သည်ဟုလည်း ပြည်ထဲရေးဝန်ကြီး အိုမာဂါစီယာက ထုတ်ပြန်ခဲ့ သည်။အမေရိကန်နိုင်ငံခြားရေးဌာနက အယ်လ်နမ်မီချာကို ဖမ်းမိလျှင် ဆုကြေး ဒေါ်လာ ၁၅ သန်းပေးမည်ဟု ကြေညာခဲ့ပြီးနောက် မက္ကဆီကို စစ်တပ်မှာ ဝင်ရောက် ဖမ်းဆီးမှုတွင် အမေရိကန်တပ်ဖွဲ့ဝင်များလည်း ပါဝင်စီးနင်းရာ၌ ပါဝင်ခဲ့သည်ဟု AFP သတင်းအေဂျင်စီက ဖော်ပြသွားသည်။



news-view-count-icon

22