back

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူ

Feb 24 • 7:15 AM

breaking-news

Myanmar

Local

breaking-news
cover

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာနမှ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းအား တင်ဒါခေါ်ယူထားကြ...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာနမှ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းအား တင်ဒါခေါ်ယူထားကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါတင်ဒါမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင်မှ အောင်မင်္ဂလာလမ်း ညာဘက်တစ်လျှောက်၊ အမှတ်(၁) ဂိတ်အဝင်မှ မုံရွာလမ်းအထိ လာရောက်ရပ်နားသည့် ယာဉ်ငယ်များအား ယာဉ်ရပ်နားခ ကောက်ခံသည့် လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

24