ထိုင်းနိုင်ငံ၊ချင်းမိုင် ဆာရာဖီခရိုင်မှာ Yang Na သစ်ပင်ကိုင်းကြီး ပြုတ်ကျပြီး အဲ့က ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။ မနေ့က မနက်ခင်းမှာ ဒီမတော်တဆမှုက ဖြစ်ခဲ့တာဖြစ်ပြီး Ms.Sukanda အမည်ရ အမျိုးသမီးဟာ သစ်ကိုင်းပိပြီး ဒဏ်ရာရခဲ့တာပါ။ သူ့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်း အသက်ကယ်မှုတွေလုပ်ပြီး Rajavej ဆေးရုံကို ပို့ခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။ မိသားစုကတော့ ဒီအမျိုးသမီးရဲ့ ကိုယ်တွင်း အင်္ဂါတွေကို လိုအပ်သူတွေထံ လှူဒါန်းခဲ့တယ်လို့ဆိုပ်တယ်။ ဒီ သစ်ပင်ကြီးက ကိုင်းတွေကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ခုတ်ဖို့ လုပ်ခဲ့ပေမယ့် မလုပ်ဖြစ်သေးတဲ့အချိန် အခုလိုဖြစ်သွားခဲ့တာဖြစ်လို့ ဒီ မတော်တဆမှုနောက်ပိုင်းမှာ အကိုင်းအခက်တွေ ခုတ်သွားမယ်လို့ ပြောထားပါတယ်။
Feb 24 • 4:25 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


