back

မြစ်ကြီးနားမြို့က ယာယီတိမ်းရှောင်ပြည်သူများအား တစ်ဦးလျှင် နိုင်ငံတော်က ကျပ် နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့

Feb 24 • 4:19 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့က ယာယီတိမ်းရှောင်ပြည်သူများအား တစ်ဦးလျှင် နိုင်ငံတော်က ကျပ် နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည့် ယာယီတိမ်းရှောင်ပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန် န...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည့် ယာယီတိမ်းရှောင်ပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန် နိုင်ငံတော်က တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့က စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင်ယာယီတိမ်းရှောင်စခန်းတွင် ဖားကန့်မြို့နယ်မှ လာရောက်ခိုလှုံနေသည့် အိမ်ထောင်စု ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့ပြီး ယာယီနေအိမ်များ ပြင်ဆင်ရန်အတွက် ကျပ် ၅၅ သိန်းတန်ဖိုးရှိ ဝါးအလုံး ၅၀၀ နှင့် ကျပ် ၄၈ သိန်းတန်ဖိုးရှိ မိုးကာလိပ် ၁၂ လိပ်တို့ကိုလည်း ထပ်ဆောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

19