back

တရုတ်နိုင်ငံ၊ဖူကျိုးမြို့တွင် ဝတ်စားဆင်ယင်မှုဖြင့် တရုတ်ပုံစံရေပန်းစားသော နှစ်သစ်ကူး အငွေ့အသက်များ ဖော်ကြူး

Feb 24 • 2:09 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ဖူကျိုးမြို့တွင် ဝတ်စားဆင်ယင်မှုဖြင့် တရုတ်ပုံစံရေပန်းစားသော နှစ်သစ်ကူး အငွေ့အသက်များ ဖော်ကြူး

တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုး‌မြို့ ရှန့်ရှဟန်၊ လမ်းမသုံးသွယ်နှင့် လမ်းကျဉ်းခုနစ်သွယ် စသည့် ရိုးရာလမ်းများတွင် နက်ရှ...

တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုး‌မြို့ ရှန့်ရှဟန်၊ လမ်းမသုံးသွယ်နှင့် လမ်းကျဉ်းခုနစ်သွယ် စသည့် ရိုးရာလမ်းများတွင် နက်ရှိုင်းသော ပွဲတော်အငွေ့အသက်များဖြင့် ကြိုင်လှိုင်လျက်ရှိသည်။ လမ်းမထက်တွင် ခရီးသွားဧည့်သည်များစွာက ပန်းဆံထိုး၊ ဆံထိုးသုံးချောင်း စသည့် ရိုးရာဆံထိုးများပန်ဆင်ကာ ဟန့်ဖူဝတ်စုံ၊ ထန်မင်းဆက်ခေတ်ဝတ်စုံ စသည့် တရုတ်ပုံစံရိုးရာဝတ်စုံများဝတ်ဆင်ပြီး လမ်းမတွင်ရပ်၍ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း သို့မဟုတ် အုပ်စုအဖွဲ့လိုက် လည်ပတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ဟန့်ဖူဝတ်စုံ လှည့်လည်ပြသခြင်း၊ တရုတ်ပုံစံ ရေပန်းစားသော အကဖျော်ဖြေတင်ဆက်ခြင်း စသည့် အစီအစဉ်များလည်း ဆက်တိုက် တင်ဆက်ခဲ့ရာ နှစ်သစ်ကူး နွေဦးအတွက် တစ်မူထူးခြားသော ကျက်သရေရှိမှုနှင့် ရိုမန်တစ်ဆန်မှုကို ထပ်တိုးစေခဲ့သည်။

news-view-count-icon

18