back

ရန်ကုန်မြို့လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်

Feb 23 • 12:22 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေတွင်ရောက်ရှိနေကြောင်း World Air Quality Index (AQI) က ဖော်ပြထားသည်။လက်ရှိ၌ ရန်ကုန်မြို့သည် လေထု...

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေတွင်ရောက်ရှိနေကြောင်း World Air Quality Index (AQI) က ဖော်ပြထားသည်။လက်ရှိ၌ ရန်ကုန်မြို့သည် လေထုညစ်ညမ်းမှု၌ အဆင့် (၁၁) ၊ ညွှန်းကိန်းအဆင့် (၁၆၄) တွင်ရှိနေသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ လေထုအတွင်းအမှုန်အမွှားပါဝင်မှုနှုန်း PM2.5 သည် လေထုတွင်း နေ့စဉ်ပါဝင်မှု ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာကျော်လျှင် အန္တရာယ်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မောပန်းလွယ်ခြင်းစသည့် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူများက အသိပေးပြောဆိုထားသည်။




news-view-count-icon

27