ဂျပန်နိုင်ငံ၏ ပြည်တွင်းခရီးသွားလာမှု ပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှုများသည် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တစ်ခန်းရပ်သွားဟန်ရှိကြောင်း တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆) တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ကိုဗစ်အလွန် ကာလ၌ ပြည်ပခရီးသွားများ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာသော်လည်း၊ ဂျပန်နိုင်ငံသား ကိုယ်တိုင် ပြည်တွင်း၌ ခရီးထွက်မှုနှုန်းမှာမူ သိသိသာသာ လျော့ကျလာနေခြင်း ဖြစ်သည်။အဓိကအကြောင်းရင်းမှာ "ကုန်စျေးနှုန်းကြီးမြင့်မှု (Inflation)" နှင့် "နေထိုင်စရိတ် မြင့်တက်လာခြင်း" တို့ကြောင့် ဂျပန်မိသားစုများမှာ အပန်းဖြေခရီးစရိတ်များကို လျှော့ချလာကြသည်။ထို့ပြင် နိုင်ငံတကာခရီးသွားများကြောင့် ဟိုတယ်ခနှင့် စားသောက်စရိတ်များ မြင့်တက်သွားခြင်းကလည်း ပြည်တွင်းခရီးသွားများကို တွန့်ဆုတ်စေသည့် အချက်တစ်ခု ဖြစ်လာသည်။ ဂျပန်ခရီးသွားအေဂျင်စီ (JTA) ၏ စစ်တမ်းအရ ၂၀၂၆ ဇန်နဝါရီလအတွင်း ပြည်တွင်းခရီးသွားအကြိမ်ရေမှာ ၂၀၁၉ ခုနှစ် (ကိုဗစ်မတိုင်မီ) ကာလ၏ ၈၅ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း သိရသည်။
| 11 | 0 | 0 | 0 |


