ပြီးခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ခြေသလုံးရိုးကျိုး ဒဏ်ရာရရှိခဲ့သည့် တိုက်စစ်မှုး မိုဂူး သည် မနေ့ညနေက ခွဲစိတ်မှုပြုလုပ်အောင်မြင်ခဲ့သည်။ ကျိုးသွားသည့် ပင်မအရိုးကို စတီးရိုးထည့်ခွဲစိတ်ခဲ့ခြင်းဖြစ်ပြီး အရိုးပြန်ဆက်ရန်အတွက် အနည်းဆုံး ၃ လ နားရမှာဖြစ်ပြီး ၆ လ သို့ ၈ လအကြာမှ ပြန်ကစားနိုင်မည်ဟု ဆရာဝန်မှ မှတ်ချက်ပြုပါသည်။မိုဂူး က “ပရိသတ်တွေကျွန်တော်ကိုစိုးရိမ်ပြီးဆုတောင်းပေးနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး မြက်ခင်းစိမ်းပေါ် အမြန်ဆုံး ပြန်ရောက်နိုင်အောငိ ကြိုးစားသွားပါမယ်။အသင်းကစားရမယ့်ပွဲ ၄ ပွဲကျန်နေပါသေးတယ်။ ပရိသတ်တွေအနေနဲ့လည်း လက်ကျန်ပွဲစဉ်တွေပြီးတဲ့အထိ လာအားပေးကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။” ဟုဆိုခဲ့သည်။



