၂၀၂၆ ခုနှစ်၏ ယာဉ်စည်းကမ်းမူဝါဒအသစ်အရ ယာဉ်မောင်းသူများအနေဖြင့် Breathalyser ဖြင့် စစ်ဆေးခံရန် ငြင်းဆန်ပါက အရက်မူး၍ ယာဉ်မောင်းခြင်းအဖြစ် တိုက်ရိုက်သတ်မှတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က အရက်မူးယာဉ်မောင်းတစ်ဦးမှ စစ်ဆေးမှုကို ငြင်းဆန်ရုံသာမက ရဲဝန်ထမ်းများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပြီးတွင် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေးဥပဒေအရ ပြစ်မှုထင်ရှားပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည့်အပြင် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူနိုင်ကြောင်းနှင့် အကယ်၍ သူတစ်ပါးအသက်အန္တရာယ် ထိခိုက်မှုရှိပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။
Breathalyser ဖြင့် အယ်လ်ကိုဟောစစ်ဆေးမှုကို ငြင်းဆန်ပါက အရက်မူး၍ ယာဉ်မောင်းခြင်းအဖြစ် သတ်မှတ်အရေးယူမည်
Feb 22 • 4:47 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


