back

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် စတင်ကျင်းပ

Feb 22 • 2:22 AM

breaking-news

Myanmar

Yangon

cover

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် စတင်ကျင်းပ

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင...

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။ အဆိုပါပွဲတော်ကို ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၂ ရက် (တပေါင်းလပြည့်နေ့) အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး၊ သံဃာတော် ၁၂၀ ပါးက (၂၁၆) နာရီတိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။ ထို့ပြင် ပွဲတော်ကာလအတွင်း မတ် ၁ ရက်၌ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် မတ် ၂ ရက်တွင် ပွဲတော်အောင်ပွဲအခမ်းအနားများကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

51