၂၂.၂.၂၀၂၆ ရက်ယနေ့၊ ၀၁နာရီ ၃၃ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၁ နာရီ၄၁ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။



