back

ဗီယက်နမ်လေကြောင်းလိုင်းများက အမေရိကန် ဘိုးရင်းကုမ္ပဏီထံမှ လေယာဉ်အစီးရေ ၉၀ ကျော် ဝယ်ယူရန် လက်မှတ်ရေးထိုး

Feb 21 • 6:30 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်လေကြောင်းလိုင်းများက အမေရိကန် ဘိုးရင်းကုမ္ပဏီထံမှ လေယာဉ်အစီးရေ ၉၀ ကျော် ဝယ်ယူရန် လက်မှတ်ရေးထိုး

ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်၏ အမေရိကန်ခရီးစဉ်အတွင်း ဗီယက်နမ်လေကြောင်းလိုင်း သုံးခုက အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ လေယာဉ်အစီးပေါင်း ၉၀ ကျော် ...

ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်၏ အမေရိကန်ခရီးစဉ်အတွင်း ဗီယက်နမ်လေကြောင်းလိုင်း သုံးခုက အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ လေယာဉ်အစီးပေါင်း ၉၀ ကျော် ဝယ်ယူရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ Vietnam Airlines က ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိုးရင်း ၇၃၇ - ၈ လေယာဉ် အစီး ၅၀၊ လေကြောင်းလိုင်းသစ် Sun Phu Quoc Airways က ဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဘိုးရင်း ၇၈၇ - ၉ Dreamliner အစီး ၄၀ နှင့် VietJet လေကြောင်းလိုင်းက ဘိုးရင်း ၇၃၇ - ၈ လေယာဉ် ၆ စီး တို့ကို အသီးသီးဝယ်ယူရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ယခုကဲ့သို့ လေယာဉ်များ အမြောက်အမြား မှာယူခြင်းသည် ဗီယက်နမ်၏ လေကြောင်းလုပ်ငန်း တိုးတက်လာမှုကို ပြသနေသလို အမေရိကန်နှင့် ဗီယက်နမ်ကြား ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆက်ဆံမှု ကောင်းမွန်လာခြင်းကိုလည်း ထင်ဟပ်နေကြောင်း ဆန်းစစ်သူများက သုံးသပ်ကြသည်။

news-view-count-icon

15