ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘောလုံးကွင်းမှ ဆိုင်နှင့် လူနေတိုက်ခန်းများကို မီးပုံးပျံကွင်းနား၊ ညိုမီးရပ် ကားကြီးဝင်းနှင့် အေးသာယာမြို့၊ မင်းကျန်စစ်အိမ်ရာများသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။စားသောက်ဆိုင်များကို မီးပုံပျံကွင်းနှင့် တက္ကသိုလ် အိမ်ရာကြား၊ ကားပစ္စည်းဆိုင်များကို တည်ဆောက်ဆဲ ညိုမီးဘက်မှ ကားကြီးဝင်းနှင့် အား/ကာ လူနေတိုက်ခန်းများကို အေးသာယာရှိ မင်းကျန်စစ်အိမ်ရာသို့ ပြောင်းရွှေ့ချထားပေးမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ ဘောလုံးကွင်း မြောက်ဘက်နှင့် အနောက်ဘက်တွင်ကား ပစ္စည်းဆိုင် ၁၀၀ ကျော်ရှိပြီး မြောက်ဘက်တွင် စားသောက်ဆိုင်များရှိရာ စုစုပေါင်း ပြောင်းရွှေ့ရမည့်ဆိုင် ၁၆၃ ဆိုင်ရှိကြောင်း သိရသည်။အား/ကာ လူနေတိုက်ခန်း ၆၃ ခန်းမှာမူ အငှားဆိုင်ခန်းများနှင့် သဘောသဘာဝ မတူဘဲ အပျောက်ပိုင်ဆိုင်ခွင့်ကို မြေညီထပ် ကျပ် ၂၅ သိန်း၊ ပထမထပ် သိန်း ၂၀ နှင့် ဒုတိယထပ် ၁၅ သိန်းဖြင့် လစဥ် ပေးသွင်းဝယ်ယူထားခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် တောင်ကြီးမြို့ပေါ် မဟုတ်ဘဲ အေးသာယာသို့ အဓမ္မ ပြောင်းရွှေ့ချထားခံရမှုမှာ တရားမျှတမှု မရှိဟု တိုက်ခန်းပိုင်ရှင်များက ဆိုသည်။



