၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်မှစပြီး ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကိုပိတ်ထားသဖြင့် အခြေခံစားသောက်ကုန်များပြတ်ကာ ကုန်ဈေးနှုန်းမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ကျွန်းလှမြို့နယ်၊ သဖန်းဆည်ဆိပ်အနီး၌လည်း စစ်ရေးတင်မာနေသည်မှာ ၂လကျော်ကြာ မြင့်နေပြီဖြစ်သဖြင့် နွေစပါးစိုက်ပျိုးရန် ရေမပေးနိုင်ကြောင်းသိရသည်။ကန့်ဘလူခရိုင်တွင် ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်းနှင့် ထန်းကုန်းမြို့နယ်တို့ ပါဝင်ကြောင်းသိရသည်။



