ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဓမ္မ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ၏ သက်တော် ၅၆ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ဖေဖော်ဝါရီ ၁၉ ရက်က အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ရာ အလှူရှင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များနှင့် အနုမောဒနာတရားတော်များ နာယူကြည်ညိုခြင်းတို့ဖြင့် ရေစက်သွန်းချအမျှပေးဝေကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။



