back

ရုရှား-ဂျပန် ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ကြောင်း ရုရှားသတိပေး

Feb 20 • 4:15 AM

breaking-news

Japan

Local News

cover

ရုရှား-ဂျပန် ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ကြောင်း ရုရှားသတိပေး

ယူကရိန်းအတွက် နေတိုးအဖွဲ့၏ လက်နက်ဝယ်ယူရေးယန္တရားတွင် ဂျပန်နိုင်ငံက ပါဝင်လာနိုင်ခြေအပေါ် ရုရှားနိုင်ငံက သတိပေးလိုက်သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် နဂိုကတည်းက ရပ်တ...

ယူကရိန်းအတွက် နေတိုးအဖွဲ့၏ လက်နက်ဝယ်ယူရေးယန္တရားတွင် ဂျပန်နိုင်ငံက ပါဝင်လာနိုင်ခြေအပေါ် ရုရှားနိုင်ငံက သတိပေးလိုက်သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် နဂိုကတည်းက ရပ်တန့်နေသည့် ရုရှား-ဂျပန် ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးပျက်စီးစေလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ရန်ပုံငွေဖြင့် ထောက်ပံ့ထားသော မည်သည့်စစ်လက်နက်ပစ္စည်းမဆို ရုရှားတပ်ဖွဲ့များအတွက် တရားဝင်တိုက်ခိုက်ရမည့် ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု ပြင်းပြင်းထန်ထန် သတိပေးခဲ့ကာ၊ ဂျပန်နိုင်ငံအနေဖြင့် နေတိုးမဟာမိတ်အဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းမှုမြှင့်တင်ရန် ပြင်ဆင်နေသည့်အပေါ် ရုရှားဘက်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

10