မွန်ပြည်နယ်အတွင်း စာစစ်ဌာန ၃၂ ခုတွင် ကျောင်းသား၊ကျောင်းသူ ၁၀၉၉၁ ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှု့အားပေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။မွန်ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာဖြေဌာနသို့ သွားလာမှုအဆင်ပြေစေရေး၊ စာမေးပွဲဆိုင်ရာလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ လျှပ်စစ်မီး မပျက်တောက်စေရေး ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ထို့ပြင် မိမိတို့ပြည်နယ်၏ နှစ်အဆက်ဆက်ရရှိခဲ့သော ပညာရေး မြင့်မားမှုဂုဏ်ကို ထိန်းသိမ်းပေးကြရန်နှင့် စာမေးပွဲ အောင်ချက်မြင့်မားစေရေး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန် ၎င်းက လမ်းညွှန်မှာကြားခဲ့သည်။
Feb 20 • 3:25 AM
Myanmar
Mon
Share
| 20 | 0 | 0 | 0 |


