ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်က ပျက်စီးနေတဲ့ လမ်း၊ တံတားတွေ ပြန်လည်ပြုပြင်နေ

Feb 20 • 2:35 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်က ပျက်စီးနေတဲ့ လမ်း၊ တံတားတွေ ပြန်လည်ပြုပြင်နေ

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းက ပျက်စီးယိုယွင်းနေတဲ့ အာရှလမ်းမကြီးနဲ့ တံတားတွေကို အာရက္ခပြည်သူ့အစိုးရက ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။မောင်တ...

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းက ပျက်စီးယိုယွင်းနေတဲ့ အာရှလမ်းမကြီးနဲ့ တံတားတွေကို အာရက္ခပြည်သူ့အစိုးရက ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားတဲ့ မောင်တော- အင်တူလ္လာအာရှလမ်းမကြီးပေါ်က ပျက်စီးနေတဲ့လမ်းပိုင်းတချို့နဲ့ တံတာ‌းတွေကို အခု ဖေဖော်ဝါရီလ လဆန်းပိုင်းကနေစတင်ပြီး ပြန်လည်ပြုပြင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပျက်စီးနေတဲ့လမ်းပိုင်းတချို့ကို ပြန်လည်ပြုပြင်ရာမှာ တချို့လမ်းပိုင်းကို ကတ္တရာလောင်းပြီး တချို့ကို ကျောက်ခင်းပြီးတော့ ပြန်လည်ပြုပြင်နေတာလို့ ဆိုပါတယ်။အလားတူ မောင်တော - ကြိမ်ချောင်းကားလမ်း၊ ဖားဝပ်ချောင်းရွာနဲ့ အောင်မင်္ဂလာရွာကြားမှာပျက်စီးနေတဲ့လမ်းပိုင်းတွေကိုလည်း ကတ္တရာလောင်းပြီး ပြုပြင်နေတာ လက်ရှိမှာ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။အဲဒီလမ်းမှာ တံတားငယ် ၁၀ ခုထက်မနည်းရှိပြီး အဲဒီထဲက ပျက်စီးနေတဲ့ တံတားတချို့ကိုလည်း ပြန်လည်ပြုပြင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

news-view-count-icon

16