အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Land of Smile လို့ လူသိများတဲ့ ထိုင်းနိုင်ငံက အံ့သြဖို့ကောင်းလောက်အောင်ပဲ အပြုံးအရယ် အနည်းဆုံး လူတွေရှိရာ နိုင်ငံဖြစ်နေပါတယ်။ ဒီစစ်တမ်းကို Gallup Global Emotions က ၂၀၂၂ ခုနှစ်မှာ ကောက်ခံခဲ့တာဖြစ်ပြီး အပျော်တတ်ဆုံး၊ အနွေးထွေးဆုံး နိုင်ငံက အင်ဒိုနီးရှားပါ။ ဖြေဆိုသူ 90% က ခဏခဏ ရယ်မော ပြုံးရွှင်တယ်လို့ ပြောပါတယ်။ သူ့နောက်မှာတော့ ကမ္ဘောဒီးယားက 89% နဲ့ လာအိုက 88% ဆိုပြီးရှိနေပါတယ်။အရယ်အပြုံး အနည်းဆုံးက ထိုင်းဖြစ်ပြီး 72% သာ ရယ်သလို စင်ကာပူက 76% နဲ့ မြန်မာက 77% သာရှိပါတယ်။ 
Feb 20 • 2:34 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


