သုခဒဂုံ ပြည့်သူ့အငှါးအိမ်ရာအတွင်း တရားဝင်နေထိုင်ခွင့်ရသူမှအပ ထပ်ဆင့်ငှါးရမ်းခြင်း၊ အခန်းများ အရောင်းအဝယ်လုပ်ခြင်းများ စစ်ဆေးပေါ်ပေါက်ပါက အခန်းငှါးရမ်းနေထိုင်ခွင့်ကို ပယ်ဖျ-က်၍ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများကို တရားမဝင် ရောင်းဝယ်သည့် လူပုဂ္ဂိုလ် (၃) ဦးကို ထောင်ဒ-ဏ်ချမှတ်အရေးယူခဲ့ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေး အခက်အခဲရှိသော ပြည်သူ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို (၅) နှစ် ငှါးရမ်း နေထိုင်ခွင့်ပေးသည့် ပြည်သူ့အငှါးအိမ်ရာ ဖြစ်သည်။



