back

သွေးပေါင်ချိန်ကိုအိမ်တွင်တိုင်းတာစဉ်ပုံမှန်ဖြစ်သော်လည်း ဆေးခန်းရောက်လျှင်ဘာကြောင့်သွေးပေါင်ချိန်မြင့်နေတတ်

Feb 19 • 3:53 AM

breaking-news

Myanmar

Local

breaking-news
cover

သွေးပေါင်ချိန်ကိုအိမ်တွင်တိုင်းတာစဉ်ပုံမှန်ဖြစ်သော်လည်း ဆေးခန်းရောက်လျှင်ဘာကြောင့်သွေးပေါင်ချိန်မြင့်နေတတ်

အိမ်မှာ သွေးပေါင်ချိန်တိုင်းတော့ ပုံမှန်ပဲဖြစ်နေပြီး ဆေးခန်းရောက်တော့မှ သွေးပေါင်ချိန်တက်နေတာမျိုး ဖြစ်တတ်ပါသလား။ ဂလင်းအီးဂဲဆေးရုံမှ ဒေါက်တာ ရာဟူဂူ့ပ်တာက ဒါကိ...

အိမ်မှာ သွေးပေါင်ချိန်တိုင်းတော့ ပုံမှန်ပဲဖြစ်နေပြီး ဆေးခန်းရောက်တော့မှ သွေးပေါင်ချိန်တက်နေတာမျိုး ဖြစ်တတ်ပါသလား။ ဂလင်းအီးဂဲဆေးရုံမှ ဒေါက်တာ ရာဟူဂူ့ပ်တာက ဒါကို ဆေးရုံသွေးတိုးခြင်းလို့ သတ်မှတ်ပါတယ်။ လူတွေက ဆေးရုံသွားတဲ့အခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းတို့ ခံစားရတဲ့အပြင် ဆေးစစ်ခြင်း၊ စောင့်ဆိုင်းခြင်း၊ ဆရာဝန်နဲ့တွေ့ခြင်းတို့မှာပင် ယာယီ သွေးပေါင်ချိန် မြင့်တက်တတ်ပါတယ်။ စိုးရိမ်ပူပန်တဲ့အခါ ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး နှလုံးခုန်မြန်စေကာ သွေးကြောတွေ ကျဉ်းလာတဲ့အတွက် သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်တာ ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအပေါ် စိုးရိမ်ခြင်း၊ မရင်းနှီးတဲ့နေရာ ရောက်နေခြင်း၊ ယခင်ကျန်းမာရေးအကြောင်းတွေ ပြန်စဉ်းစားမိခြင်းတို့ဖြင့် ဖိစီးမှုဟော်မုန်းတွေ ထွက်လာစေပါတယ်။

news-view-count-icon

35