သာကေတနှင့် သန်လျင်ရှိ LNG သုံးဓာတ်အားပေးစက်ရုံများမှ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် LNGသုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် သည့် ဓာတ်အားများကို တိုက်ရိုက်လိုင်းဖြင့်ဓာတ်အားပေးထားသည့် စက်မှုဇုန်၊ အထူး စီးပွားရေးဇုန်နှင့် စက်မှုစီးပွားရေးလုပ်ငန်းများအား၂၄ နာရီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါနေရာများတွင် ယခင်အသုံးပြုခဲ့သည့် ဓာတ်အားများအား အများပြည်သူထံ ဖြန့်ဖြူး သွားမည်ဖြစ်ပြီး နွေရာသီကာလတွင် သုံးစွဲသူများ ဓာတ်အားတိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစတင်ပြီး သာကေတနှင့် သန်လျင်LNG သုံး ဓာတ်အားပေး စက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပြီးဖေဖော်ဝါရီလအတွင်းတွင်လည်း LNG တင်သွင်းလာသည့် သင်္ဘောများ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
Feb 19 • 3:09 AM
Myanmar
Local
Share
| 46 | 0 | 0 | 0 |


