စင်ကာပူနိုင်ငံ၊ MacPherson နယ်မြေရှိ Pipit Road လမ်းမပေါ်မှာ မနေ့ မနက်အစောပိုင်းက သစ်ပင်ကြီးတစ်ပင် လဲကျမှု ဖြစ်ပွားခဲ့ပါတယ်၊၊ ဒီဖြစ်စဉ်ကြောင့် နှစ်လမ်းသွားလမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားခဲ့ပြီး လမ်းကြောင်းတွေကို နာရီပေါင်းများစွာ လွှဲပြောင်းပေးခဲ့ရပါတယ်၊၊ MacPherson နယ်မြေရဲ့ လွှတ်တော်အမတ် Tin Pei Ling ရဲ့ ပြောကြားချက်အရ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ လုံးဝမရှိခဲ့သလို မော်တော်ယာဉ်တွေ ပျက်စီးတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်၊၊မနက် ၈ နာရီဝန်းကျင်မှာ သစ်ပင်လဲကျခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ကောင်စီ တာဝန်ရှိသူတွေဟာ အခင်းဖြစ်နေရာကို ချက်ချင်းရောက်ရှိလာပြီး လမ်းကြောင်းရှင်းလင်းတာတွေ၊ လမ်းသွားလမ်းလာတွေကို ဘေးကင်းအောင် လမ်းပြပေးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်၊၊
Feb 19 • 2:07 AM
Singapore
Local News
Share
| 6 | 0 | 0 | 0 |


