ကွမ်းသီးခြောက်တင်ဆောင်သွားသည့် ကားနှစ်စီး ဖမ်းဆီးခံလိုက်ရပြီးနောက် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ကွမ်းသီးခြောက်အဝယ်နည်းလာကာ စျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဇဝဲကျေးရွာအုပ်စုရှိ ရွာသုံးရွာတွင် ဝယ်ယူသူနည်းပါးသွားကာ စျေးနှုန်းလည်း ကျဆင်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ဇဝဲကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာ၊ ဆင်ဒင်ရွာနှင့် ဇဝဲရွာတို့တွင် ကွမ်းသီးခြောက် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။“ကွမ်းသီးတွေကို ကားသမားတွေကလည်း တင်ဆောင်ဖို့ မရဲတရဲ ဖြစ်နေကြတယ်။ ဖမ်းခံရတဲ့ကားကလည်း တကူဘက်က ကွမ်းသီးတွေ တင်လာတာမို့လို့ ဖမ်းတယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
Feb 19 • 2:04 AM
Myanmar
Tanintharyi
Share
| 19 | 0 | 0 | 0 |


