ကယား(ကရင်နီ)ပြည်နယ်၊ ဖွံဘော်ခွတ်မြို့နယ်တနေရာမှာ SSYLC ကနေ လူငယ်စွမ်းရည်မြင့်သင်တန်း(Youth capacity bulding training - YCBT) batch- 3 အတွက် မောင်မယ်သစ်လွင်ကြိုဆိုတဲ့ အခမ်းအနားတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ် ။
အဲဒီ SSYLC ရဲ့ batch-3 မောင်မယ်သစ်လွင်ကြိုဆိုခြင်းအခမ်းအနားကိုတော့ ကော်ယော်မနုမနောအမျိုးသားလူငယ်အစည်းအရုံးမှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ဖွင့်လှစ်ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာတော့ လူဦးရေ စုစုပေါင်း ၆၀ ဝန်းကျင်တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။


