back

ရှမ်းပြည်နယ်၊နောင်ချို 7th Heaven တိမ်ပင်လယ်စခန်း တောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် ပျက်စီး

Feb 19 • 1:30 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊နောင်ချို 7th Heaven တိမ်ပင်လယ်စခန်း တောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် ပျက်စီး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုကြီးကျေးရွာရှိ ယင်းတိမ်ပင်လယ်စခန်းတွင် ယမန်နေ့ နေ့လည် ၁ နာရီကျော်က တောမီးကူးစက်ကာ လောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသ...

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုကြီးကျေးရွာရှိ ယင်းတိမ်ပင်လယ်စခန်းတွင် ယမန်နေ့ နေ့လည် ၁ နာရီကျော်က တောမီးကူးစက်ကာ လောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။“တောမီးကူးပြီး လောင်သွားတာ။ မီးကို ငြိမ်းသတ်ဖို့ ကြိုးစားပေမယ့် လေအားကြောင့်ရော မီးအားကြောင့်ရော မငြိမ်းသတ်နိုင်ခဲ့ဘူး။ ခရီးသွားတွေ အနားယူ အိပ်စက်ဖို့ လုပ်ထားတဲ့ အခန်းတွေ တော်တော်များများ မီးလောင်တဲ့အထဲ ပါသွားတယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ယင်းမီးလောင်မှုကြောင့် တိမ်ပင်လယ်စခန်းရှိ အိပ်ခန်း ၉ ခန်းမှာ မီးလောင် ပြာကျသွားခဲ့ပြီး အချို့ အဆောက်အဦးများလည်း ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။ယခု မီးလောင်သွားသည့် နေရာသည် ဆောင်းရာသီတွင် တိမ်ပင်လယ်အလှကို ကြည့်ရှခံစားရင်း ခရီးသွားများ အလည်အပတ် လာရောက်နိုင်ရန် ဖွင့်လှစ်ထားသည့် စခန်းတစ်ခု ဖြစ်သည်။

news-view-count-icon

22