ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် တလျှောက်မှာ တရုတ်ကြံတင်ကားတွေ မြန်မာနယ်စပ်ဘက် တိုက်ရိုက်ဝင်ရောက်တာကြောင့် မြန်မာကြံကားနဲ့ ယာဉ်မောင်းတွေ အခက်ကြုံကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။မြန်မာ-တရုတ် နယ်စပ်တလျှောက်က ကြံတွေက တရုတ်လုပ်ငန်းရှင်ပိုင်တွေ ဖြစ်တာကြောင့် တရုတ်နိုင်ငံထဲက ကြံစက်ရုံတွေဘက် တင်ပို့ရတာလို့ သူက ပြောပါတယ်။မြန်မာကားနဲ့ ကြံတင်မယ်ဆိုရင် နယ်စပ်ဂိတ်ဝမှာ ကြံပြန်ချိန်းရတာကြောင့် ကရိန်းတွေလိုအပ်ပြီး ကုန်ကျစရိတ် ပိုများကာ အဲဒီကုန်ကျစရိတ်တွေကို တရုတ်ကြံကုမ္ပဏီတွေက ကုန်ကျခံမပေးဘူးလို့ သူက ပြောပါတယ်။



