ရုပ်ရှင်လောကသားများအနေဖြင့် မသန်စွမ်းသူများအပေါ် နှိမ့်ချ၊ လှောင်ပြောင်သရော်သော ပြကွက်များကို ရှောင်ကျဉ်ကြရန် ရုပ်ရှင်အစည်းအရုံး အသိပေး

Feb 18 • 1:19 PM

breaking-news

Myanmar

Local

cover

ရုပ်ရှင်လောကသားများအနေဖြင့် မသန်စွမ်းသူများအပေါ် နှိမ့်ချ၊ လှောင်ပြောင်သရော်သော ပြကွက်များကို ရှောင်ကျဉ်ကြရန် ရုပ်ရှင်အစည်းအရုံး အသိပေး

ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များအနေဖြင့် မသန်စွမ်းသူများအပေါ် နှိမ့်ချ၊ လှောင်ပြောင်သရော်သော ပြကွက်များကို ရေးသား၊ ညွှန်ကြား၊ သရုပ်ဆောင်မှုများ မပြ...

ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များအနေဖြင့် မသန်စွမ်းသူများအပေါ် နှိမ့်ချ၊ လှောင်ပြောင်သရော်သော ပြကွက်များကို ရေးသား၊ ညွှန်ကြား၊ သရုပ်ဆောင်မှုများ မပြုလုပ်ဘဲ ရှောင်ကျဉ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် မေတ္တာရပ်ခံသတိပေး ကြေညာလိုက်သည်။အနုပညာတင်ဆက်ဖျော်ဖြေမှုအချို့တွင် မသန်စွမ်းသူများအပေါ် နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများကို တွေ့ရှိနေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို ရုပ်ရှင်ဆင်ဆာအဖွဲ့အနေဖြင့် မသန်စွမ်းသူများအပေါ် နှိမ့်ချ၊ လှောင်ပြောင်သရော်သော သရုပ်ဆောင်ကွက်များအား သရုပ်ဆောင်ပြသခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်သည်ဟုလည်း ဆိုထားသည်။အဆိုပါ မသန်စွမ်းအမျိုးသမီးက မသန်စွမ်းသူများအပေါ် အသိအမြင်မှားယွင်းစွာ နှိမ့်ချ ပြုမူ ၊ ပြောဆို ၊ ရေးသား ၊ သရုပ်ဆောင် ၊ ဟာသပြက်လုံးထုတ်မှုများနှင့် ပတ်သက်၍ ၎င်းကိုယ်တိုင်ရော မြန်မာနိုင်ငံရှိ မသန်စွမ်းအဖွဲ့အစည်းများကပါ အကြိမ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက် တားမြစ်တောင်းဆိုခဲ့ကြသော်လည်း ယခုချိန်ထိ လှုပ်ရှားဆောင်ရွက်နေကြဆဲဖြစ်သည်ဟု ဆိုထားသည်။





news-view-count-icon

25