ချောက်မြို့နယ် ဂွေးချိုရွာအနီးမှာ နာနိုနည်းပညာအသုံးပြုပြီး ရေနံတူးဖော်ထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ဒါ့အပြင် အကျိုးအမြတ်များတဲ့ ရေနံမြေသိုက်အသစ်တွေ တူးဖော်ခြင်းနဲ့ ရေနံသိုက်ဟောင်းတွေရဲ့ ထုတ်လုပ်မှုမြှင့်တင်ခြင်းကြောင့် နိုင်ငံတော်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုထားပါတယ်။



