ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်မှာရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။မီးလောင်ကျွမ်းမှု အရှိန်ပြင်းထန်တာကြောင့် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှာ Level 1 မီးသတ်ယာဉ်အုပ်စုတွေ ထပ်မံထွက်ခွာခဲ့ရပြီး၊ နေ့လယ် ၁ နာရီ ၃ မိနစ်မှာ Level 2 မီးသတ်ယာဉ်အုပ်စုတွေနဲ့ မီးသတ်ဦးစီးဌာနချုပ်က မီးသတ်ယာဉ်အုပ်စုတွေပါ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာတော့ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။လတ်တလောအရ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါသည်။



