မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော်နှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်သဖြင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြုပြင်မွမ်းမံမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။ ထိုနေ့တွင်ပင် "ဂရိတ်စိန်" စိန်ရွှေရတနာဆိုင်မိသားစုမှ ငှက်မြတ်နားတော်တွင် ချိတ်ဆွဲရန် မိုးကုတ်ပတ္တမြား (၁၀၉) ပွင့်၊ စိန် (၈၅) ပွင့်နှင့် ရွှေများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ငလျင်ကြောင့် ပျက်စီးခဲ့သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပြန်လည်ပြုပြင်ပြီးနောက် ထီးတော်တင်လှူရန် စီစဉ်နေ
Feb 18 • 6:59 AM
Myanmar
Mandalay
Share
| 26 | 0 | 0 | 0 |


