နာမည်ကြီး အိန္ဒိယမင်းသား ဗီဂျေးဒီဗာရာကွန်ဒါနှင့် မင်းသမီး ရရှ်မီကားမန်းဒန်နာတို့သည် လာမည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဥဒါအီပူရ်မြို့၌ မိသားစုနှင့် ရင်းနှီးသူအနည်းငယ်ဖြင့်သာ လျှို့ဝှက်လက်ထပ်တော့မည်ဖြစ်သည်။ အခမ်းအနားများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်မည်ဖြစ်ပြီး ဧည့်သည်များအား ဖုန်းယူဆောင်ခွင့်မပြုသည့်အပြင် ရိုက်ကူးရေးအဖွဲ့ကိုလည်း သတင်းအချက်အလက်မပေါက်ကြားစေရန် ကတိကဝတ်ပြုခိုင်းထားကြောင်း သိရသည်။ ၎င်းတို့စုံတွဲသည် မင်္ဂလာပွဲပြီးနောက် တစ်လခန့် အနားယူမည်ဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများအတွက်မူ မတ်လ ၄ ရက်နေ့တွင်မှ သီးသန့်ဧည့်ခံပွဲတစ်ခု ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မင်္ဂလာပွဲကို တိတ်တဆိတ်ကျင်းပသွားမယ့် အိန္ဒိယအနုပညာရှင်စုံတွဲ ဗီဂျေးနဲ့ ရရှ်မီကား
Feb 18 • 6:58 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


