ယခုနောက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် Video Call ဖြင့်ခေါ်ဆို၍ စေ့စပ်မှုများနှင့် ထိမ်းမြားလက်ထပ်ခြင်းတို့ကို လုပ်ဆောင်လာကြပြီး လူမှုကွန်ရက်တွင် ဖော်ပြမှုများရှိလာခဲ့သည်။ပြီးခဲ့သော ရက်ပိုင်းကလည်း ပြည်ပတွင်ရောက်ရှိနေသော အမျိုးသားတစ်ဦးနှင့် ပြည်တွင်းမှ အမျိုးသမီးတစ်ဦးတို့ အွန်လိုင်းမှ တစ်ဆင့် Video Call ဖြင့်ခေါ်ဆိုပြီး ထိမ်းမြားလက်ထပ်ပွဲ ကျင်းပခဲ့သည်ကိုလည်း လူမှုကွန်ရက်တွင် ဖော်ပြလာခဲ့ကြသည်။ မင်္ဂလာသတို့သား၊ သတို့သမီးတို့က နှစ်ဖက်မိဘများကို ကန်တော့သည့်ပုံများအပါအဝင် Video Call ဖြင့်ခေါ်ဆို လုပ်ဆောင်ခဲ့ပုံကို ဖော်ပြခဲ့ကြခြင်းလည်းဖြစ်သည်။ထိုဖြစ်ရပ်အပေါ် ဝေဖန်သူများစွာလည်းရှိခဲ့ပြီး အချို့မှာ ခေတ်သစ်မင်္ဂလာဆောင်ဟူ၍လည်း မှတ်ချက်ပေးသူများလည်း ရှိကြသည်။လက်ရှိတည်ဆဲဥပဒေများအရ လက်ထပ်စာချုပ်ချုပ်ဆိုသော ကျမ်းသစ္စာကျိန်ဆိုမှုကို တရားရုံး၌လုပ်ဆောင်သည့်အခါ မင်္ဂလာသတို့သား၊ သတို့သမီးတို့ ကိုယ်တိုင်လာရောက်ကြရပြီး သက်ေ*သလက်မှတ်ထိုးကြမည့် လူကြီးများလည်း လူကိုယ်တိုင်လိုက်ပါရကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ဆိုထားသည်။လူကိုယ်တိုင် မဟုတ်ပါက အကျုံးမဝင်နိုင်ဟူ၍လည်း မှတ်ချက်ပြုထားသူများလည်းရှိကြောင်း သိရသည်။
Feb 18 • 6:42 AM
Myanmar
Local
Share
| 43 | 0 | 0 | 0 |


