နိုင်ငံတော်ဩဝါဒါစရိယနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ အင်းစိန်ရွာမဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော် (၈၇) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ဖေဖော်ဝါရီ ၁၆ ရက်က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒတရားနာကြားခဲ့ကြသည်။ ထို့ပြင် ဆရာတော်ကြီးသည် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် စာသင်တိုက်ရှိ ရှင်သာမဏေများအား ပညာရည်ချွန်အထူးဆုများ ကိုယ်တိုင်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Feb 18 • 3:49 AM
Myanmar
Yangon
Share
| 37 | 0 | 0 | 0 |


