သထုံ၊ တောင်စွန်း ရထားသံလမ်းကူးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦး ညပ်မိ၊ အသက်ရှင်လျက် ကယ်ထုတ်နိုင်

Feb 18 • 3:05 AM

breaking-news

Myanmar

Mon

cover

သထုံ၊ တောင်စွန်း ရထားသံလမ်းကူးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦး ညပ်မိ၊ အသက်ရှင်လျက် ကယ်ထုတ်နိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ ရထားသံလမ်းကူးအနီးတွင်ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သထုံ-မော်လ...

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ ရထားသံလမ်းကူးအနီးတွင်ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သထုံ-မော်လမြိုင် အဝေးပြေးလမ်းရှိ ရထားသံလမ်းကူးတွင် ရပ်ထားသော Light Truck ယာဉ်အား မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် Canter ယာဉ်က အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်သည်။တိုက်မိသည့်အရှိန်ကြောင့် Light Truck ယာဉ်မှာ လမ်းဘေးသို့ လွင့်စင်တိမ်းမှောက်သွားခဲ့ပြီး Canter ယာဉ်မှာလည်း ရထားလမ်းကာရံထားသော သံဘောင်ကို ဝင်တိုက်ကာ ယာဉ်ပေါ်ပါလူ ၂ ဦး ညပ်မိခဲ့သည်။ အဆိုပါ ညပ်မိနေသူ ၂ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အကြင်နာတွဲလက် လူမှုကူညီရေးအသင်းက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

9