back

ဂျပန်မှာ မွေးခါစမှာ မိခင်က စွန့်ပစ်သွားတဲ့ မျောက်ကလေးကို တစ်ကမ္ဘာလုံးက ချစ်ခင်သနားနေ

Feb 18 • 1:40 AM

breaking-news

Japan

Local News

cover

ဂျပန်မှာ မွေးခါစမှာ မိခင်က စွန့်ပစ်သွားတဲ့ မျောက်ကလေးကို တစ်ကမ္ဘာလုံးက ချစ်ခင်သနားနေ

ဂျပန်နိုင်ငံ၊ Ichikawa မြို့ တိရစ္ဆာန်ရုံမှာရှိတဲ့ အသက် ၇ လအရွယ် ပန်ချ် (Punch) လို့ အမည်ရတဲ့ မျောက်ကလေးဟာ လူအများရဲ့ အချစ်တွေကို သိမ်းပိုက်ထားပါတယ်။ ၂၀၂၅ ခုနှစ...

ဂျပန်နိုင်ငံ၊ Ichikawa မြို့ တိရစ္ဆာန်ရုံမှာရှိတဲ့ အသက် ၇ လအရွယ် ပန်ချ် (Punch) လို့ အမည်ရတဲ့ မျောက်ကလေးဟာ လူအများရဲ့ အချစ်တွေကို သိမ်းပိုက်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့တဲ့ အဲဒီမျောက်ကလေးဟာ မွေးမွေးချင်းမှာပဲ မိခင်ဖြစ်သူရဲ့ စွန့်ပစ်တာကို ခံခဲ့ရတာကြောင့် တိရစ္ဆာန်ရုံဝန်ထမ်းတွေက အချိန်ပြည့် စောင့်ရှောက်ပေးခဲ့ရပါတယ်။မျောက်ငယ်လေးတွေဟာ မိခင်ကို ဖက်တွယ်လေ့ရှိတာကြောင့် သူ့ရဲ့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက စောင်တွေနဲ့ အရုပ်တွေကို ထည့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပန်ချ်ဟာ အူရမ်အူတန် မျောက်ဝံအရုပ်လေးတစ်ခုကို အရမ်းသံယောဇဉ်တွယ်သွားခဲ့ပြီး အမြဲတမ်း သယ်ဆောင်သွားလာနေပါတယ်။ အိပ်ပျော်နေချိန်မှာ အရုပ်ကို တင်းကျပ်စွာ ဖက်ထားသလို တခြားမျောက်တွေရဲ့ အနိုင်ကျင့် ဖယ်ကြဉ်ခံရချိန်တွေမှာလည်း အဲဒီအရုပ်လေးကို အကာအကွယ်တစ်ခုလို အသုံးပြုလေ့ရှိပါတယ်။၂၀၂၆ ခုနှစ် ဇန်နဝါရီလလယ်လောက်မှာတော့ တိရစ္ဆာန်ရုံက ပန်ချ်ကို တခြားမျောက်အုပ်စုတွေနဲ့ စတင်ပြီး ပြန်လည်နေထိုင်စေခဲ့ပါတယ်။ အုပ်စုနဲ့ စတင်ထိတွေ့ဆက်ဆံနေပြီဖြစ်ပေမယ့်လည်း သူဟာ အရုပ်လေးကို အနီးအနားမှာ အမြဲထားရှိဆဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်မေတ္တာ ငတ်မွတ်ခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပိုမိုလိုအပ်နေပြီး တခြားမျောက်တွေနဲ့ အသားကျဖို့ အချိန်ယူရဦးမယ်လို့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ဆိုပါတယ်။ဒီအပတ်မှာတော့ ပန်ချ်ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းက လူတွေရဲ့ သနားကြင်နာမှုတွေကို ရရှိခဲ့ပါတယ်။ အရုပ်လေးအပေါ် တွယ်တာနေတဲ့ မျောက်ကလေးရဲ့ အထီးကျန်ဆန်မှုနဲ့ အားငယ်နေပုံတွေက လူအများရဲ့ စိတ်နှလုံးကို ထိရှစေခဲ့ပါတယ်။ သူ့ကို အားပေးတဲ့အနေနဲ့ ပရိသတ်တွေက ဆက်ပြီး ကြိုးစားပါ ပန်ချ်လေး လို့ အဓိပ္ပာယ်ရတဲ့ #がんばれパンチ ဆိုတဲ့ hashtag လေးကိုတောင် ဖန်တီးခဲ့ကြပါတယ်။


news-view-count-icon

18