back

ထိုင်းမှာ အိပ်ရေးပျက်အောင် လုပ်လို့ဆိုပြီး လုပ်ဖော်ကိုင်ဖက် မြန်မာအလုပ်သမားကို မီးရှို့၊ သံတုတ်နဲ့ ရိုက်သ-တ်

Feb 17 • 7:53 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ အိပ်ရေးပျက်အောင် လုပ်လို့ဆိုပြီး လုပ်ဖော်ကိုင်ဖက် မြန်မာအလုပ်သမားကို မီးရှို့၊ သံတုတ်နဲ့ ရိုက်သ-တ်

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန် ပြည်နယ်က အလုပ်သမားတန်းလျားတစ်ခုမှာ မြန်မာအလုပ်သမားတစ်ဦးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာအလုပ်သမားကို ဓာတ်ဆီလောင်းမီးရှို့ပြီး သံတုတ်နဲ...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန် ပြည်နယ်က အလုပ်သမားတန်းလျားတစ်ခုမှာ မြန်မာအလုပ်သမားတစ်ဦးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာအလုပ်သမားကို ဓာတ်ဆီလောင်းမီးရှို့ပြီး သံတုတ်နဲ့ ရိုက်သ-တ်ခဲ့တဲ့ တုန်လှုပ်ဖွယ်ရာ လူသ-တ်မှုတစ်ခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ဖ-မ်းဆီးခံရသူဟာ အသက် ၂၂ နှစ်အရွယ် ဝင်းနေစိုး ဆိုသူဖြစ်ပြီး ‌ေ-သဆုံးသူကတော့ အသက် ၂၇ နှစ်အရွယ် ထွန်းခိုင် ဆိုတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ ‌ေ-သဆုံးသူဟာ အရက်မူးပြီး အခန်းကို ပြန်လာချိန်မှာ ဆူညံစွာ အော်ဟစ်တာတွေ လုပ်တဲ့အပြင် အခန်းရဲ့ သွပ်နံရံကိုပါ ကန်ခဲ့တာကြောင့် သူအိပ်မရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကို သွားရောက်သတိပေးရာကနေ စကားအချေအတင်ဖြစ်ပြီး ရန်ပွဲအကြီးအကျယ် ဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီလို ရန်ဖြစ်ပြီးနောက်မှာတော့ ကျူးလွန်သူက ဓာတ်ဆီပုံးကို ယူလာပြီး အခန်းထဲမှာ ရှိနေတဲ့ ‌ေ-သဆုံးသူကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်နေတဲ့ ဒဏ်ရာတွေနဲ့ အခန်းပြင်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ကျူးလွန်သူက နောက်ကနေ လိုက်သွားပြီး သံတုတ်နဲ့ ခေါင်းကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး ‌ေ-သဆုံးသွားခဲ့ရပါတယ်။

လူသ-တ်မှု ကျူးလွန်ပြီးနောက်မှာ အဲဒီ မြန်မာအလုပ်သမားဟာ ထွက်ပြေးတိမ်းရှောင်တာမျိုး မလုပ်ဘဲ အလုပ်သမားတန်းလျားမှာပဲ ရဲတွေကို အဖ-မ်းခံဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က သူ့ကို တမင်ရည်ရွယ် လူသ-တ်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ ဆက်လက် အရေးယူသွားဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

news-view-count-icon

18