back

ချင်းပြည်နယ်၌မီဇိုးယာဉ်မောင်းသေဆုံးမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို နှစ်လ ပိတ်မည်

Feb 17 • 6:06 AM

breaking-news

Myanmar

Local

breaking-news
cover

ချင်းပြည်နယ်၌မီဇိုးယာဉ်မောင်းသေဆုံးမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို နှစ်လ ပိတ်မည်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းသွားပို့ရင်း မီဇိုးယာဉ်မောင်းတဦး သေဆုံးခဲ့ ခြင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်...

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းသွားပို့ရင်း မီဇိုးယာဉ်မောင်းတဦး သေဆုံးခဲ့ ခြင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို နှစ်လကြာပိတ်သွားမယ်လို့ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ AOC ရပ်ကွက်မှနေထိုင်တဲ့ ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရှင်းလက်ဝကိုကုန်ပစ္စည်းသွားပို့ရာကနေ ပျောက်ဆုံးသွားပြီး ဖေဖော်ဝါရီ လ ၁၅ ရက်မှာ သေဆုံးလျက်ပြန်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သတင်းဌာနများနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကို နှစ်လကြာပိတ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုအမျိုးမျိုးပြုလုပ်လျက်ရှိကြောင်း၊ ဒီပြစ်မှုကျူးလွန်သူများက နိုင်ငံခြားသား များဖြစ်ရင်လည်း သူတို့နဲ့ထိုက်သင့်တဲ့အပြစ်ပေးနိုင်ဖို့ ကြိုးစားနေကြောင်းပြောကြားထားပါတယ်။

လက်ရှိမှာ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်ကပြည်သူများဟာ အများအားဖြင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင် နဲ့ ရှာဟာ ခရိုင်များမှာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနဲ့ စက်သုံးဆီများကို ဝယ်ယူတင်ပို့လျက်ရှိ တာကြောင့် လမ်းပိတ်ဆို့မှုကြာမြင့်လာပါက ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်စျေးနှုန်းမြင့်တက်မှုများနဲ့ကြုံတွေ့နိုင် ပါတယ်။

news-view-count-icon

41