back

အောင်ပန်းအမှုတွင် လူသတ်တရားခံ တစ်ဦးကို ဖမ်းမိပြီဟု ကြား သိရ

Feb 16 • 4:54 PM

breaking-news

Myanmar

Shan

cover

အောင်ပန်းအမှုတွင် လူသတ်တရားခံ တစ်ဦးကို ဖမ်းမိပြီဟု ကြား သိရ

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ရှိ ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့သော အမှုမှ လူသတ်တရားခံ တစ်ဦးကို ဖမ်းဆီးရမိပြီ ...

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ရှိ ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့သော အမှုမှ လူသတ်တရားခံ တစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဒေသခံ များထံမှ ကြား သိရသည်။ထိုအမှုတွင် ကျူးလွန်သူ အမျိုးသား ၃ ဦးထက် မနည်း ပါဝင်နိုင်ပြီး၊ ဓါးဖြင့် ထိုးသူဟု ဆိုသော အမျိုးသား တစ်ဦးကို ဟဲဟိုးအပိုင် ရဲစခန်းတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုဖြစ်စဉ်တွင် အုပ်စုဖွဲ့ လုယက်သူ ၃ ဦးထက် မနည်း ရှိနိုင်ပြီး ၊ တစ်ယောက် ဖမ်းဆီးရမိကာ နှစ်ယောက် က ထွက်ပြေး လွတ်မြောက်သွားကြောင်း ၊ အောင်ပန်းရှိ (၁၁၇) နောက်ကျော်ဘက်တွင် ငှားရမ်းနေထိုင်သော စစ်ဘေးရှောင်များ ဖြစ်ကြောင်း ၊ အမြဲတမ်း လုပ်စားနေကျ ဖြစ်မည်ဟု ယူဆရ ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။



news-view-count-icon

45