တာချီလိတ် သဲချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသော လူငယ် ၃ ဦး ကို လေးရက်မြောက်အထိ ရှာဖွေ မတွေ့သေး

Feb 16 • 2:59 PM

breaking-news

Myanmar

Shan

cover

တာချီလိတ် သဲချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသော လူငယ် ၃ ဦး ကို လေးရက်မြောက်အထိ ရှာဖွေ မတွေ့သေး

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ် မြို့၊ သဲချောင်းအတွင်း ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်း ၂ နာရီ ၁၇ မိနစ် အချိန်တွင် စံဖူးကျေးရွာရှိ သဲချောင်းအနီး အပန်းဖြေရ...

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ် မြို့၊ သဲချောင်းအတွင်း ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်း ၂ နာရီ ၁၇ မိနစ် အချိန်တွင် စံဖူးကျေးရွာရှိ သဲချောင်းအနီး အပန်းဖြေရန် ပြုလုပ်ထားသော နေရာသို့ လာရောက်အပန်းဖြေ ရေဆော့ကစားနေကြသော အဖွဲ့ထဲမှ တက္ကသိုလ်ဝင်တန်းကျောင်းသား လူငယ် ၃ ယောက် သည် ရေနစ်ပျောက်ဆုံးခဲ့ရသဖြင့် လူမှု ကူညီရေး အသင်းများ လေးရက် ကြာသည်အထိ လိုက်လံရှာဖွေနေသော်လည်း မတွေ့သေးကြောင်း သိရသည်။ထိုနေရာမှာ တာချီလိတ်မြို့ ၊ မိုင်းဖုန်းအုပ်စုစံဖူးကျေးရွာ ရှိ မယ်ခေါင်မြစ်အတွင်းစီးဝင်သော သဲချောင်းတွင် 

ရေဆော့ကစားကြရာမှ လူငယ် ၃ ဦး ရေနစ်ပျောက်ဆုံးခဲ့ကြခြင်း ဖြစ်သည်။ ဒီနေ့ပါ ဆိုရင် လေး ရက်မြောက် ရှိနေပြီ ။ Dead Body ကို ဒီနေ့ထိ ရှာလို့ မတွေ့သေးဘူး။ တာချီလိတ် က လူမှုကူညီရေး အသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေး ဆောင်ရွက်သူတွေ ပူးပေါင်း ရှာဖွေနေကြပါတယ်။ ရေထဲမှာလည်း စက်လှေတွေ နဲ့ လိုက်ရှာကြပါတယ်။ မတွေ့သေးပါဘူး။



news-view-count-icon

10