YBS - 58 / 72 / 108 ယာဥ်လိုင်း ၃လိုင်းဖြင့် ၁၂ ရက်နေ့မှစတင်ကာ ဒလသို့ခရီးစဥ်လမ်းကြောင်းစမ်းသပ်ပြေးဆွဲနေပါသည်။လက်ရှိပြေးဆွဲလျက်ရှိသောခရီးစဥ်လမ်းကြောင်း***YBS-58 ခရီးစဥ်လမ်းကြောင်း**(ဒလမှဗိုလ်တထောင်)
ဒလ(အချစ်ရွာစားသောက်ဆိုင်ရှေ့) - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - သရက်တော - ဗိုလ်ချုပ်လမ်း - ဗိုလ်ချုပ်စျေး - လမ်း၅၀ - ဗိုလ်တထောင်ဘုရားလမ်း - ဂန္ဓီ(မဟာဗန္ဓုလလမ်း) - ဗိုလ်တထောင်စျေးလမ်း - ကမ်းနားလမ်း - ဗိုလ်တထောင်ဘုရား
**YBS-58 ခရီးစဥ်လမ်းကြောင်း**(ဗိုလ်တထောင်မှဒလ)
ဗိုလ်တထောင်ဘုရား - လမ်း၅၀(ကုန်သည်လမ်း) - ဘိုကလေးစျေး - လမ်း၃၀ - ညောင်ပင်လေးစျေး - သခင်မြပန်းခြံ - ဗဟိုစည် - ဒလတံတား - ဒလ-တွံတေးလမ်း - ဒလ(အချစ်ရွာစားသောက်ဆိုင်ရှေ့)
**YBS-72 / 108 ခရီးစဥ်လမ်းကြောင်း**(ဒလမှဆူးလေ)
ဒလ( အထက ၄ ကျောင်းရှေ့) - ၅၈ဂိတ် - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - သရက်တော - အရေးပေါ်ဌာန - သံစျေး - ကမ်းနားလမ်း - လမ်း၃၀(ခြောက်ထပ်ရုံး) - ဆူးလေ
**YBS-72 / 108 ခရီးစဥ်လမ်းကြောင်း**(ဆူးလေမှဒလ)
ဆူးလေ - လမ်း၃၀(အနော်ရထာလမ်း) - အရေးပေါ်ဌာန - သရက်တော - ဒလတံတား - ဒလ-တွံတေးလမ်းဆုံ - ၅၈ဂိတ် - ဒလ(အထက ၄ ကျောင်းရှေ့)
ကားများ၏အရှေ့လေကာမှန်တွင် ဒလ-ဗိုလ်တထောင်ဘုရားခရီးစဥ်စမ်းသပ်ပြေးဆွဲယာဥ် ၊ ဒလ-ဆူးလေ ခရီးစဥ်စမ်းသပ်ပြေးဆွဲယာဥ်ဟုစာများရေးသားထားပါသည်။
ဆူးလေမှတ်တိုင်မှစီးမည့်ခရီးသည်များအနေဖြင့်ထိုစာရေးထားသောကားများစီးမှသာဒလရောက်ပါမည်။ရေးသားထားခြင်းမရှိပါက သာကေတ ၊ မြောက်ဒဂုံသို့ပုံမှန်လမ်းကြောင်းအတိုင်းပြေးဆွဲသောယာဥ်များဖြစ်ပါသည်။
ထို့အတူ ၅၈ စီးရာတွင်လည်း Yutong (ကားအဝါ)ကိုစီးနင်းမှသာဒလရောက်မည်ဖြစ်ပြီး Foton(အဲကွန်းကား)မှာ ပုံမှန်အတိုင်းမြို့တွင်းပတ်လမ်းကြောင်းဖြစ်ပါသည်။
ထို့အပြင် ရွှေပြည်သာယာဥ်လိုင်းများဖြစ်သော YBS - 42 နှင့် 145 တို့၏ဂိတ်နေရာများလည်းပြောင်းရွှေ့ထားပါသည်။
YBS-42ခရီးစဥ်လမ်းကြောင်း
လှော်ကားသုသာန် - တာဆုံ - အောက်ဂိတ် - ထန်းခြောက်ပင် - ရွှေပြည်သာကွေ့ - တညင်းကုန်း - ခရေပင်လမ်းခွဲ - ၃လမ်းဆုံ - ကန်သာယာ - မဥအဝိုင်း - ၂ စျေး - ဘေလီ - စံပြစျေး - သုဝဏ္ဏစျေး - သာကေတအဝိုင်း - ဆောက်လုပ်ရေး - ၁၃ဂိတ်
YBS-145ခရီးစဥ်လမ်းကြောင်း
ရွှေပြည်သာ(ဒဒွေး) - အောက်ဂိတ် - ထန်းခြောက်ပင် - ပုလဲလမ်းဆုံ - တညင်းကုန်း - အင်းစိန်ပန်းခြံ - သမိုင်း - လှည်းတန်း - မြေနီကုန်း - တာမွေအဝိုင်း - မင်္ဂလာစျေး - ပုဇွန်တောင်စျေး - ဗိုလ်တထောင်ဘုရား



