back

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာမှန်ပေါင်သွင်းခြင်းလုပ်ငန်းအတွက် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်

Feb 16 • 7:44 AM

breaking-news

Myanmar

Yangon

cover

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာမှန်ပေါင်သွင်းခြင်းလုပ်ငန်းအတွက် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာမှန်ပေါင်သွင်းခြင်း လုပ်ငန်းဆောင်ရွက်လိုသူများကို ဈေးပြိုင်ကြော်ငြာ ထုတ်ပြန်ဖိတ်ခေါ်လျက်ရှိကြောင်း သိရပ...

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာမှန်ပေါင်သွင်းခြင်း လုပ်ငန်းဆောင်ရွက်လိုသူများကို ဈေးပြိုင်ကြော်ငြာ ထုတ်ပြန်ဖိတ်ခေါ်လျက်ရှိကြောင်း သိရပါတယ်။အဆိုပါ ဈေးပြိုင်ကြော်ငြာအရ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ဘုရားဖူးများ အဆင်ပြေစေရန် ဂေါပကအဖွဲ့က စီမံဆောင်ရွက်ထားသည့် ဂုဏ်ပြုလွှာမှန်ပေါင်သွင်းခြင်းလုပ်ငန်းကို ချထားပေးမည်ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် ဈေးနှုန်းအဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ထိုကြောင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအတွက် အဆိုပြုလွှာပုံစံများကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက်နှင့်၂၄ ရက်နေ့တွင်  ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်အတွင်း ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်တင်သွင်းလာသည့် ဈေးနှုန်း အဆိုပြုလွှာများကို  ဖွင့်ဖောက်သွားမည်ဖြစ်၍ အသေးစိတ်သိရှိလိုသူများနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြာင်း သိရပါတယ်။

news-view-count-icon

51