ယနေ့ဖြစ်သော တပို့တွဲလကွယ်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ရွှေစာရံဘုရားကို ထီးတော်တင်လှူရန် လုပ်ဆောင်နေကြခြင်းလည်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ရွှေစာရံဘုရားထီးတော် မြေခခဲ့ရပြီး ဘုရားပွဲတော်ရက်မတိုင်မီ ထီးတော်အသစ်တင်လှူရန် လုပ်ဆောင်နေခြင်းဖြစ်သည်။သို့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရဲရွာရေလှောင်တမံမှ ရေများဖောက်ချမှုကြောင့် ဘုရားရင်ပြင်အောက်ရှိ ဒုတ္ထဝတီမြစ်အတွင်း ရေကြီးရေလျှံမှုများရှိခဲ့ပြီး မြစ်အတွင်းရှိအပန်းဖြေစခန်းများပျက်စီးခဲ့ကာ လာရောက်လည်ပတ်သူများ အနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်းမှုများရှိနေကြောင်း သိရသည်။ရွှေစာရံဘုရားပွဲတော်ကို နှစ်စဥ်တပေါင်းလပြည့်နေ့မှစတင်ကာ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း မတ်လ ၂ ရက်မှစတင်ကာ ကျင်းပရန်စီစဥ်ထားကြောင်း ဒေသခံများထံမှ သိရသည်။



