ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်ကာလဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြောင်း သိရသည်။ဖေဖော်ဝါရီလ အစိုးရရုံးပိတ်ရက်ရှည်အတွင်း ငွေဆောင်ကမ်းခြေရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ၏ အခန်းအားလုံးနီးပါး ငှားရမ်းထားရကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား စုစုပေါင်း ၁၀၉၃၆ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။



