သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားတောင်သူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ ကန်နှစ်ဆင့်ကျေးရွာရှိ တောင်သူများအတွက် ဆန်အိတ် (၂၅၀)၊ ငွေကျပ် (၁၅၀) သိန်းနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သဲကုန်းမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံပြီး ဆန်အိတ်များနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
Feb 15 • 6:51 AM
Myanmar
Tanintharyi
Share
| 21 | 0 | 0 | 0 |


